Facebook မှ ကုမ္ပဏီ အမှတ်တံဆိပ် အသစ်ကို မိတ်ဆက်ခြင်း
တခါတုန်းက Facebook ကလည်း Web တခုသာ ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာ App တခု ဖြစ်လာခဲ့ပါတယ်။ နှစ်အနည်းငယ် အတွင်းမှာ ကုမ္ပဏီက မြန်မြန်ဆန်ဆန် ကြီးမားလာပါတယ်။ အောင်မြင်လာခဲ့ပါတယ်။ ယခုအခါ ၂၀၁၉ ခုနှစ်မှာတော့ Facebook မှ ကုမ္ပဏီ အမှတ်တံဆိပ် အသစ်ကို မိတ်ဆက်ပေးလိုက်ဖို့ ဖြစ်လာပါတော့တယ်။
ဒါပေမယ့် သူ့နာမည်က Facebook ပါပဲ။ အမည်နာမအားဖြင့် အပြောင်းအလဲ မရှိခဲ့ပါဘူး။ သူ့နာမည်နဲ့ ပတ်သတ်ပြီး အရာအားလုံး အဆင်ပြေခဲ့ပါတယ်။
ထို့နောက်မှာ Facebook က တခြား ကုမ္ပဏီတွေနဲ့ Apps တွေကို ဝယ်ယူလာခဲ့ပါတယ်။ Whats App, Instagram အစရှိသဖြင့်ပါ။
ပူးပေါင်းမှုတွေ၊ ဝယ်ယူမှုတွေ ဆက်လက်ပြုလုပ်လာခဲ့ပြီးနောက် Facebook က Social Media App တစ်ခု ဆိုတာထက် ပိုလာပါတယ်။
ဒါပေမယ့် အဖွဲ့အစည်းရဲ့ နာမည်ကတော့ အပြောင်းအလဲ မရှိ Facebook လို့ ခေါ်တွင်နေတုန်းပါပဲ။
ဒီနေ့မှာတော့ Facebook ဆိုတာ Social Media App တခု သာမကပဲ “အခြား Apps နဲ့ ကုမ္ပဏီ အများကြီးကို ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု” ဆိုတဲ့ ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒါကတော့ ကုမ္ပဏီရဲ့ နာမည်ကို Facebook လို့ ပြောင်းလဲလိုက်ခြင်းပါ။
မထူးခြားသွားပါလားလို့ အထင်မမှားပါနဲ့ ခင်ဗျာ။ စကားလုံးက အတူတူပါပဲ။ သူတို့ ပြောင်းလိုက်တာက Font Style ပါ။ ပြောင်းလဲသွားတဲ့ စာလုံးစတိုင်ကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်။ အားလုံးကို စာလုံးအကြီးတွေပဲ သုံးထားသလို "A" နဲ့ "K" ကလည်း အခြားစာလုံးတွေနဲ့ မတူပဲ ပိုပြီးခုံးနေပါတယ်။ ပြီးတော့ စာလုံးအရောင်တွေကိုလည်း သက်ဆိုင်ရာ ပလက်ဖောင်းအလိုက် အရောင် အပြောင်းအလဲ လုပ်ဆောင်ထားပါတယ်။
အသေးစကားလုံး " f " နဲ့ "facebook" သင်္ကေတက ပုံမှန်အတိုင်း Social Media App ရဲ့ အမှတ်တံဆိပ် အဖြစ်ရှိနေမှာပါ။ ကုမ္ပဏီ အမှတ်တံဆိပ်အသစ် ကြေညာချက်ကလွဲလို့ ကုမ္ပဏီရဲ့ အရင်သတ်မှတ်ချက်တွေဟာ ပြောင်းလဲသွားခြင်း မရှိပါဘူး။
အခုလို ပြောင်းလဲခဲ့ရတဲ့ အကြောင်းအရင်းကို Luke Woods (Facebook ရဲ့ Design Vice President) က ရှင်းပြခဲ့ပါတယ်။
“တစ်ယောက်ယောက် Facebook လို့ ကြားလိုက်ပြီဆိုရင် မိုဘိုင်းဖုန်းထဲက App ကိုပဲ ပြေးမြင်ကြပါတယ်။ ဒါပေမယ့် App က Facebook ကုမ္ပဏီရဲ့ အစိတ်အပိုင်း တစ်ခုမျှပါပဲ။
ကျွန်တော်တို့က Company နဲ့ App အကြားမှာ ခြားနားချက် တခုရှိပြီး လူတိုင်းကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာပါ။
ကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ချက်မှာ ဖြေဆိုကြသူတွေရဲ့ 29% ကသာ Whats App နဲ့ Instagram က Facebook ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ကြောင်း သိကြပါတယ်။”
Facebook လိုဂိုအသစ်မှာ ကုမ္ပဏီက ပိုင်ဆိုင်တဲ့ အရာအားလုံးကို ချိတ်ဆက်နိုင်ဖို့ ပလက်ဖောင်းပေါ် မူတည်ပြီး ကာလာကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ပါတယ်။ Instagram မှာဆိုရင် “from Facebook” စာသားမှာ Facebook လိုဂိုအသစ်က ခရမ်းရောင်ပေါ်နေမှာ ဖြစ်ပြီး Whats App မှာဆိုရင် အစိမ်းရောင် ဖြစ်နေမှာပါ။
ကျွန်တော်တို့ ဒီမှာ မေးစရာ ရှိနိုင်တာက ဘာကြောင့်များ Facebook က သူ့ရဲ့ ကုမ္ပဏီနာမည်ကို အသစ်ပြောင်းမပေးပဲ Facebook နာမည်ကိုပဲ Design ပြောင်းခဲ့ရတာလဲ။
Woods ရဲ့ အဖြေကတော့
“ကျွန်တော်တို့ ဘာမှမလုပ်ခင် အစမှာကတည်းက ဖြစ်နိုင်ချေတွေ အများကြီးနဲ့ လုပ်နိုင်တာတွေ အားလုံးကို စဉ်းစားခဲ့ကြပါတယ်။ ဘယ်လောက်ပဲ စဉ်းစားပါစေ သေချာလာတာ တစ်ခုက ကျွန်တော်တို့ အနေနဲ့ Facebook ဆိုတဲ့ နာမည်ကနေ ခွဲထွက်လို့ မရပါဘူး။ ကျွန်တော်တို့က အမြဲတမ်း Facebook ဆိုပြီး ဖြစ်တည်လာခဲ့သလို နောက်လည်း Facebook လို့ပဲ ဆက်တည်ရှိနေအုံးမှာပါ။ ကျွန်တော်တို့ ဒါကို လက်ခံပါတယ်။ အရမ်းလည်း သဘောကျမိပါတယ်။”
ဖတ်ရှူပေးတာ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေရဲ့ ဝန်းကျင်မှာပါ ပြန်လည်မျှဝေပေးဖို့အတွက်ကိုလည်း တောင်းဆိုပါရစေ။ ကျွန်တော်တို့ Myanmar Digital Marketing မှလည်း အမြဲတမ်း Digital Marketing နယ်ပယ်မှ Updates များကို တင်ဆက်ပေးလျက် ရှိတာကြောင့် စောင့်ကြည့်ပေးပါအုံး ခင်ဗျာ။