သင့်ရဲ့ Facebook Groups အတွက် Units တွေကို ဘယ်လို ဖန်တီး အသုံးချမလဲ ?
သင့်ရဲ့ Facebook Group ထဲမှာရှိတဲ့ ပို့စ်တွေကို အစီအစဉ် ကျကျနန ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်အောင် ထားချင်ပါသလား။
Facebook Groups မှာပါဝင်တဲ့ Units feature က ဒါကို ကူညီပေးပါလိမ့်မယ်။
ဒီ စာစုမှတဆင့် Facebook Groups မှာ Units တွေ ဘယ်လို ဖန်တီးအသုံးချရမလဲ ဆိုတာကို မိတ်ဆွေ အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ Facebook Groups အတွက် Units တွေကို ဘယ်လို ဖန်တီးအသုံးချမလဲ ?
၁။ သင့်ရဲ့ Facebook Group Type မှာ Social Learning လို့ ပြောင်းရပါမယ်။
Facebook မှာ “Social Learning” ဆိုပြီး Group Type အသစ်တစ်ခု ပါဝင်ပါတယ်။ ဒီ Group Type ကို အသုံးပြုပြီးတော့ အွန်လိုင်းသင်တန်း အနေနဲ့ သင်ခန်းစာ (Online Course Content) တွေကို ဖန်တီးနိုင်တဲ့ နေရာတစ်ခု၊ သင့်ရဲ့ Content တွေကို ခေါင်းစီးတွေနဲ့ ခွဲခြမ်းထားနိုင်တဲ့ ပလက်ဖောင်း တစ်ခုအဖြစ် Facebook Groups တွေကို သင်အသုံးချနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ Facebook Group အမျိုးအစားကို ပြောင်းရတာ လွယ်ကူ မြန်ဆန်ပါတယ်။ ပြောင်းဖို့အတွက် သင့်ရဲ Group ထဲမှာ Cover Photo အောက်မှာရှိတဲ့ More => Edit Gruop Setting ထဲကို ဝင်ရပါမယ်။ ဝင်ပြီးတဲ့အခါ Group Type မှာ Change ကိုနှိပ်ပြီး Social Learning ကို ရွေးချယ်နိုင်ပါတယ်။
ဒီလို ရွေးလိုက်တဲ့အခါ Unit ဆိုပြီး Tab အသစ်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ Unit Tab ကို Group’s Landing Tab အဖြစ် ထားမထားကိုလည်း သင့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ( Group Landing Tab ဆိုတာ သင့်ရဲ့ Group ထဲကို သူများတွေ ဝင်ရောက်တဲ့အခါ အရင်ဆုံး ရောက်သွားတဲ့ နေရာပါ။ ပုံမှန်ဆိုရင် Discussion Tab ကို ရောက်သွားပါတယ်။ အခု Unit Tab ပါ ရှိလာတဲ့အတွက် ဘာကို Group Landing Tab အနေနဲ့ ထားမလဲ ဆိုတာကို ပြန်လည် ရွေးချယ်နိုင်မှာပါ။ )
မိတ်ဆွေအနေနဲ့ Unit တွေကို မကြိုက်တော့ဘူးဆိုတဲ့အခါ Group Type ကို စိတ်တိုင်းကျ ပြန်ပြောင်းလို့ ရပါတယ်။ Landing Tab ကိုလည်း ပြန်ပြောင်းနိုင်ပါတယ်။ ကဲ… အခုလို Group Type ကို ရွေးချယ်ပြီးရင်တော့ Units တွေကို စတင်ဖန်တီးလို့ ရပါပြီ။
၂။ သင့်ရဲ့ ပထမဆုံး Facebook Group Unit ကို ဖန်တီးလိုက်ရအောင်
တကယ်လို့ သင့်ရဲ့ ပထမဆုံး Group Unit ကိုဖန်တီးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်
Group ရဲ့ ဘယ်ဘက်ခြမ်းမှာ ပေါ်လာပြီ ဖြစ်တဲ့ Units Tab ထဲကို ဝင်ပါ။
Create Unit ကို နှိပ်ပါ။
ပြီးရင် Unit Name နဲ့ Descriptioan ကို ဖြည့်ပေးပါ။
အောက်မှာ သင့်ရဲ့ Content တွေကို Optional အနေနဲ့ ထားမထားကို တခါတည်း ရွေးချယ်လို့ ရပါတယ်။ Optional မထားဘူး (အမှန်မခြစ်ဘူး) ဆိုရင် သင့်ရဲ့ Gp Members တွေမှာ သင်ခန်းစာတွေ ပြီးမပြီးကို အသိပေးမယ့် Goal လေးတွေ၊ ဖတ်ရှူ လေ့လာပြီးသွားပြီ ဆိုတာကို မှတ်သားနိုင်မယ့် ခလုတ်လေး ပါဝင်လာမှာပါ။ သူတို့ရဲ့ လေ့လာမှု ဘယ်လောက် ခရီးပေါက်နေပြီ ဆိုတာကို မြင်သာစေမှာပါ။
တကယ်လို့ Optional ထားမယ် (အမှန်ခြစ်မယ်) ဆိုရင်တော့ ဒါတွေ အကုန်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။
ဒါတွေ ပြီးတဲ့အခါ Create Unit ကို နှိပ်ပြီး သင့်ရဲ့ ပထမဆုံး Unit ကို ဖန်တီးလိုက်လို့ ရပါပြီ။
၃။ သင့်ရဲ့ Unit ထဲမှာ တင်မယ့် Content ကို ထည့်သွင်းပါ။
နောက်တဆင့်ကတော့ သင့်ရဲ့ Unit ထဲမှာ ပို့စ်တင်ခြင်းပဲ ဖြစ်ပါတယ်။
Unit ထဲမှာ Content ထည့်သွင်းနိုင်မယ့် နည်းလမ်း နှစ်ခု ရှိပါတယ်။ တိုက်ရိုက် Unit ထဲမှာ ဝင်ပြီးတင်တာနဲ့၊ တင်ပြီးသား ပို့စ်ကို Unit ထဲပြောင်းထည့်ရတာနဲ့ပါ။
တိုက်ရိုက် ပို့စ်အသစ် တင်ခြင်း
Unit မှာ တိုက်ရိုက် ပို့စ်အသစ် တင်ဖို့အတွက် Unit Tab ကိုသွားပါ။ သင်အသစ်ဖွင့်ထားတဲ့ Unit ထဲကို ဝင်လိုက်မယ်ဆိုရင် Write a post, Add a file စသည်ဖြင့် သင်တင်မယ့် အမျိုးအစားပေါ် မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
တင်ပြီးသား ပို့စ်ကို Unit တွင်ထည့်ခြင်း
ရှိပြီးသား ပို့စ်အဟောင်းကို Unit ထဲကို ပြန်ထည့်ဖို့ ဆိုရင် ပို့စ်ရဲ့ ညာဖက်အပေါ်ထောင့်က အစက်သုံးစက်ကို နှိပ်ပါ။ သင်ထည့်ချင်တဲ့ Unit နာမည်ကို ရွေးချယ်နိုင်သလို Unit အသစ် ပြုလုပ်လို့လည်း ရနိုင်ပါတယ်။
၄။ သင်ခန်းစာများကို အပေါ်အောက် လိုသလို နေရာချခြင်း
တကယ်လို့ Unit တွေဆောက်၊ သင်ခန်းစာတွေလည်း ထည့်ပြီးတဲ့ အချိန်မှာတော့ သင်တန်းသားတွေ ကြည့်ရတာ အဆင်ပြေဖို့ရာ အဓိပ္ပာယ်ရှိဖို့အတွက် အစီအစဉ်လိုက် ဖြစ်နေဖို့ လိုပါတယ်။ Discussion မှာရှိတဲ့ ပို့စ်တွေကတော့ တင်တဲ့အချိန်ပေါ်မူတည်ပြီး အထက်အောက် အစီအစဉ်လိုက် သွားပေါ်နေမှာပါ။
ဒါပေမယ့် Unit Tab မှာတော့ အစီအစဉ်ကို စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ Unit ရဲ့ ညာဘက်အပေါ်က အစက်သုံးစက်မှာ Name, Description နဲ့ ပို့စ်အစီအစဉ်ကို လိုသလို သွားပြောင်းနိုင်မှာပါ။
၅။ Unit များ ပြီးဆုံးမှု မှတ်တမ်းကို စစ်ဆေးခြင်း
Group Admin တစ်ယောက်ဖြစ်တဲ့ သင့်မှာ မန်ဘာဝင်တွေရဲ့ လေ့လာသင်ယူမှု လုပ်ငန်းစဉ်တွေကို စစ်ဆေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ မန်ဘာဝင်တွေရဲ့ Units ပြီးဆုံးမှု မှတ်တမ်းကို တစ်ဦးချင်းအလိုက် စစ်ဆေးကြည့်ရှူနိုင်ပါတယ်။
မန်ဘာဝင်တွေ အနေနဲ့ Unit ပါ သင်ခန်းစာတွေ ပြီးစီးကြောင်း Done ကို နှိပ်လို့ ရပါတယ်။
ဒီလုပ်ငန်းစဉ်က မန်ဘာဝင်တွေကို ပိုပြီး အားရှိစေမှာ ဖြစ်သလို သင်ကိုယ်တိုင်ကလည်း အားလုံးရဲ့ အခြေအနေကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ကြည့်ရှူဖို့အတွက် Group Insights Tab ကို သွားပါ။
သင်ခန်းစာ ပြီးစီးမှု အရေအတွက်ကို Learning Post Completed မှာ ကြည့်လို့ရပါတယ်။ မန်ဘာတစ်ယောက်ချင်းရဲ့ ပြီးစီးမှုကို ကြည့်ဖို့အတွက် Member Name Box ထဲမှာ နာမည်ကို ထည့်ပါ။
၆။ Group Unit တွေကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းများ
သင် အခုဆို Group Unit တွေကို ဘယ်လိုတည်ဆောက်ရမလဲ... သုံးရမလဲ ဆိုတာကို သိပြီးပါပြီ။
Unit တွေကို ပိုပြီး လူကြိုက်များစေဖို့ နောက်ထပ် နည်းလမ်း 5 ခုကို ကြည့်လိုက်ရအောင်။
မန်ဘာဝင် အသစ်များကို ကြိုဆိုခြင်း
Group စည်းမျဉ်းစည်းကမ်းတွေ ဖော်ပြတာ... Admin တွေ Moderator တွေကို မိတ်ဆက်တာနဲ့ သင်တန်းအကြောင်း မိတ်ဆက်တဲ့ Contents တွေကို ပြုလုပ်ပြီး Unit တည်ဆောက်လို့ ရပါတယ်။
ပညာပေး အကြောင်းအရာများ ဝေမျှခြင်း
Facebook ရဲ့ တရားဝင် စည်းမျဉ်း အရတော့ ကျွန်တော်တို့ Group တွေကို ငွေကြေးအရ အမြတ်ထုတ်ခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာမှာတော့ အားလုံး သုံးနေကြတာ ကျွန်တော်တို့ အမြင်ပဲ မဟုတ်လား။ အကောင်းဆုံးကတော့ Group တွေကို ကာစတမ်မာတွေအတွက် ပညာပေး အကြောင်းအရာတွေ ဝေမျှပေးခြင်းပါ။
သတင်းနှင့် Updates များကို စုဆောင်းဖော်ပြခြင်း
သင့် Group နဲ့ သက်ဆိုင်တဲ့ Updates၊ သတင်းတွေအတွက် Unit တစ်ခု တည်ဆောက်လို့ ရပါတယ်။ ဒါတွေကို ရက်စွဲအလိုက် စီစဉ်ပေးထားခြင်းအားဖြင့် သင့် မန်ဘာဝင်တွေအတွက် အဆင်ပြေစေမှာပါ။
အိမ်စာနှင့် သင်ခန်းစာအဆိုင်းမန့်များ
သင့် မန်ဘာဝင်တွေ ပိုမို ကျွမ်းကျင်လာစေဖို့ ထပ်မံ လုပ်ဆောင်ဖို့ လိုအပ်တဲ့ သင်ခန်းစာ အဆိုင်းမန့်တွေ အိမ်စာတွေကို Unit နဲ့ ပေးထားလို့ ရပါတယ်။
သင်ခန်းစာ အရင်းအမြစ်များ စုဆောင်းပေးထားခြင်း
မန်ဘာဝင်တွေ လေ့လာရာမှာ မှီငြမ်းနိုင်မယ့် ဖိုင်တွေ၊ လင့်တွေ ချပေးထားခြင်းဖြင့် ပိုမို လေ့လာရ လွယ်ကူအဆင်ပြေစေမှာပါ။
ထပ်ဆောင်းအကြံပြုချက် : Facebook က ကျွန်တော်တို့ ငှားရမ်းအသုံးပြုနေရတဲ့ ပလက်ဖောင်းတစ်ခုပါ။ အပိုင်မဟုတ်ပါဘူး။ ဒါကြောင့် Unit တွေ၊ Content တွေကို Backup ထားဖို့ သိမ်းဆည်းထားဖို့ အကြံပြုပါရစေ။
မိတ်ဆွေအတွက် အကျိုးရှိခဲ့မယ်ဆိုရင် ဒီ Content လေးကို မျှဝေပေးဖို့ တောင်းဆိုပါရစေ ခင်ဗျာ။ အဆုံးထိ ဖတ်ရှူပေးတာ ကျေးဇူးတင်ပါတယ်။ ကြည်နူးပျော်ရွှင်ဖွယ် တနေ့တာလေး ဖြစ်ပါစေ ခင်ဗျာ။
Facebook Group & Social Media Marketing
Facebook Group တွေကို ထိရောက်စွာ အသုံးချပြီး သင့်ရဲ့ Social Media Marketing လုပ်ငန်းစဉ်တွေကို ပိုပြီး ချဲ့ထွင်နိုင်သလို အခြား လိုအပ်နေသေးတဲ့ ဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်းစဉ်များကို အသေးစိပ်လေ့လာ သိရှိလိုပါက Myanmar Digital Marketing ရဲ့ Niche Media စာမျက်နှာမှာလဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။