Blogger တိုင်း သိထားသင့်တဲ့ အဆင့်မြင့် SEO နည်းဗျူဟာ (၁၂) ချက်
Digital Marketing လုပ်တဲ့နေရာမှာ ဘယ် Online Platform ကိုသုံးသုံး အဆင်ပြေပါတယ်။ အရေးကြီးတာက SEO လို့ခေါ်တဲ့ Search Engine Optimization ပါ။ အဲ့တော့ ကျွန်တော်အခု မိတ်ဆွေတို့ကို အသုံးဝင်နိုင်မယ့် SEO နည်းဗျူဟာ တချို့ ပြောပြချင်ပါတယ်။
Keyword Research လုပ်ပါ။

Article တစ်ခုခုရေးတော့မယ်ဆိုရင် အရင်ဆုံး Keyword Research လုပ်သင့်ပါတယ်။ Keyword Research ဆိုတာ ကိုယ်ရဲ့ Article ကို လူဖတ်များဖို့ ဘယ်လို Keyword တွေသုံးသင့်လဲဆိုတာ လေ့လာဆန်းစစ်တာပါ။
Keywords တွေဆိုတာ SEO ကို အဓိကထောက်ပံ့ပေးနေတဲ့ အားပဲဖြစ်ပါတယ်။
Keyword Research လုပ်မယ်ဆိုရင် နည်းနှစ်နည်းရှိပါတယ်။ ပထမတစ်နည်းက Free Online Tools တွေကတဆင့် Research လုပ်တာပါ။ ဥပမာပြောရရင် Google Trends လိုမျိုး၊ အဲ့မှာဆိုရင် ကိုယ်ရေးမယ့် Article က လူတွေ ရှာဖွေနှုန်း ဘယ်လောက်မြင့်နိုင်မလဲ၊ ဒါမှမဟုတ် ဘယ်လောက်နိမ့်နိုင်မလဲ ရှာဖွေလို့ရပါတယ်။ နောက်တစ်နည်းကတော့ အခွင့်အလမ်းရှာဖွေတာပါ။ ကိုယ်ရေးမယ့် Article ကို ကိုယ့်ဘာသာကို အရင် Google Search Bar မှာ အရင်ရှာကြည့်လိုက်ပါ။ ရှာလို့ပေါ်လာတဲ့ Articles တွေ ကြားထဲ ကိုယ်ရေးမယ့် Article က တိုးပေါက်ပါ့မလား၊ ယှဉ်ပြိုင်နိုင်ပါ့မလား၊ ဒီလို ရှာဖွေဆန်းစစ်တာကို Keyword Research လုပ်တယ်လို့ခေါ်တာပါ။
Keyword တွေကို ကွန့်လိုက်ရအောင်

ကျွန်တော့် blogက မြန်မာနိုင်ငံက Technology reviews တွေ အကြောင်းရေးတဲ့ blogဆိုပါစို့။ သေချာပါတယ်.. Google Search Bar မှာ Tech Reviewer in Myanmar လို့ရှာလိုက်ရင် ထောင်သောင်းချီတဲ့ ရလဒ်တွေကို တွေ့ရပါလိမ့်မယ်။ အဲ့ထဲမှာမှ ကျွန်တော်ဘယ်တော့မှ ယှဉ်လို့မရတဲ့ mytechmyanmar.com လိုမျိုး website အကြီးစားတွေကလည်း ရှိနေပါတယ်။ ကျွန်တော် Keyword တွေကို ကွန့်လိုက်မယ်။ ဥပမာဗျာ.. တွေးကြည့်လိုက်ပါ။ လူတွေက Technology အားလုံးရဲ့ Review ကို မလိုချင်ဘူးဆိုပါစို့။ သူတို့က Phone အကြောင်းပဲ သိချင်တယ်။ အဲ့လို စဉ်းစားမိတယ်ဆိုရင် Articles တချို့ရဲ့ Keywords တွေကို Phone ဆိုတဲ့ စကားလုံးလေးနဲ့ ကွန့်လိုက်မယ်လေ။ အဲ့ဒါဆိုရင် သေချာပါတယ်။ အဲ့လိုကွန့်လိုက်တာက ကျွန်တော့် Blog ရဲ့ SEO ကို တော်တော်လေးကို မြင့်တက်သွားပါစေလိမ့်မယ်။
SERP research လုပ်ပါ

(SERP ဆိုတာ Search Engine Results Pages ဖြစ်ပါတယ်။ Users တွေ အွန်လိုင်းပေါ်မှာ တစ်ခုခုရှာရင် ရလဒ်ကို ပြန်လည်ဖော်ပြပေးတဲ့ Web စာမျက်နှာတွေကို ဆိုလိုတာပါ။ Google လိုမျိုးပေါ့။ တကယ်လို့ အသုံးပြုသူတွေက Keywords လို့ခေါ်တဲ့ စကားစုတွေ၊ ထူးထူးခြားခြားစကားလုံးတွေကို ရိုက်ထည့်လိုက်မယ်ဆိုရင် Search Engines တွေက SERP တွေနဲ့ ပြန်လည်ဖော်ပြပေးပါတယ်။)
ကျွန်တော်တို့မတူညီတဲ့ Topics တွေကို Google Search Bar မှာ ရှာလိုက်ရင် SERPs တွေကလည်း ကွဲပြားနေမှာပါ။ တချို့စကားလုံးတွေကိုရှာရင် SERPs က ရိုးရိုးရှင်းရှင်း Website စာရင်းတွေပဲဖော်ပြနေသလို တခါတလေကျရင်လည်း ကြော်ငြာတွေ၊ သက်ဆိုင်တဲ့မြေပုံတွေ၊ Answer boxes တွေ၊ Capture boxes တွေ တွေ့ရပါတယ်။ တကယ်လို့ မိတ်ဆွေက ကိုယ့် Blog ကို အဆင့်တစ်ခုမှာ ဝင်ချင်တယ်ဆိုရင်တော့ ကိုယ့် Blog နဲ့ ဆိုင်မယ့် SERPs အမျိုးအစားကို သိဖို့လိုပါတယ်။ ပြီးတော့ သင့်လျော်အောင် ပြုပြင်ပြောင်းလဲသင့်ပါတယ်။
SERPs Research လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးက keywords ဆန်းဆန်းလေးတွေနဲ့ စမ်းပါ။ (အပေါ်ကပြောခဲ့သလို အကွန့်လေးတွေပေါ့) ပြီးတော့ ဘယ်လို SERPs တွေပေါ်လာမလဲဆိုတာ စောင့်ကြည့်ပါ။ ရလာတဲ့ ရလဒ်တွေပေါ်မူတည်ပြီး ကိုယ်ဘာကို ရွေးချယ်သင့်လဲဆိုတာ သိလာပါလိမ့်မယ်။
SEO အတွက် ပုံတွေကို သင့်လျော်အောင်ပြင်ပါ
ကိုယ့် Blog ကို Optimize လုပ်တဲ့ နေရာမှာ ကျော်မသွားချင်ဆုံးနေရာကတော့ ပုံတွေပါ။ Blog တစ်ခုကောင်းဖို့ဆိုတာ Content တွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒါပေမယ့်လည်း…. အခုပြောမယ့် SEO ဗျူဟာက စာသားတွေကိုပဲ မှီခိုအားထားနေလို့မရပါဘူး လို့ဆိုတာပါ။ ကိုယ့် Blog မှာ Post တစ်ခုတင်မယ်ဆိုရင် အနည်းဆုံး ပုံတစ်ပုံတော့ပါရမယ်၊ ပြီးတော့ အသုံးပြုတဲ့ပုံက အကောင်းဆုံးပုံ ဖြစ်ရမယ်။ ကိုယ်ရေးတဲ့ ခေါင်းစဉ်ကို စာသားတွေ အများကြီးက ဖော်ပြတာထက်စာရင် ပုံကောင်းကောင်း တစ်ပုံက ဖော်ပြတာက ပိုပြီး ထိရောက်ပါတယ်။ စိတ်ဝင်စားမှုလည်း ပိုရပါတယ်။ ပုံလေးတွေကို အသုံးပြုခြင်းအားဖြင့် ဆိုလိုချင်တဲ့ Concept တွေကို ထိမိစေပြီး Content ရဲ့ Quality ကိုလည်း မြင့်တက်စေပါတယ်။
SEO အတွက် ပုံတွေကို သင့်လျော်အောင်ပြုပြင်မယ်ဆိုရင် ကိုယ်တင်မယ့် Post မှာသုံးမယ့် ပုံတွေရဲ့ File နာမည် ဒါမှမဟုတ် Alt Text လို နေရာမျိုးမှာ အပေါ်ကပြောခဲ့သလို ကွန့်ထားတဲ့ Keyword တွေကို အသုံးချပါ။ (Alt Text ဆိုတာ ပုံရဲ့ ဆိုလိုရင်းကို အကျဉ်းချုပ်ဖော်ပြတဲ့အရာပါ၊ ကိုယ်သုံးမယ့် Keyword နဲ့ ပုံရဲ့ဆိုလိုရင်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပါ။
ရှိပြီးသား Post တွေကို Link ပြန်ချိတ်ပါ
ကိုယ့် Website ထဲမှာ ကိုယ့် Post တွေကို တစ်ခုနဲ့ တစ်ခု ပြန်ပြီး Link ချိတ်တယ်ဆိုတာ တကယ်တော့ SEO အတွက် ကောင်းတဲ့အရာပါ။ သေချာတာကတော့ ဒီလို Internal Link တွေ ချိတ်တာက သိပ်တော့ Valuable မဖြစ်ပါဘူး။ သို့သော်… ဒီလိုလုပ်ခြင်းကပဲ စာဖတ်သူတွေကို ကိုယ့် Blog ထဲမှာ ကြာကြာဆွဲဆောင်နိုင်တာပါ။ Post အသစ်တစ်ခုတင်ဖို့ စဉ်းစားပြီဆိုရင် ကိုယ့် အရင် Post အဟောင်းတွေကို Link ပြန်ချိတ်နိုင်ဖို့ စဉ်းစားပါ။(တခုတော့ ရှိတယ်။ ကိုယ့် Blog မှာ လူဖတ်များခဲ့တဲ့ အရာတွေကို Link ပြန်မချိတ်ပါနဲ့၊ လူသိနည်းမယ့် Articles တွေကို ချိတ်ပါ) Internal links တွေ ချိတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ လူဖတ်နည်းခဲ့တဲ့ Articles တွေကို Boost ထုတ်ပြီးသားလည်း ဖြစ်တယ်။ လူတွေရဲ့ Attention လည်း ရစေပါတယ်။
ရှိနှင့်ပြီးသား Contents တွေကို ခေတ်မှီပါစေ
နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Google ရဲ့ အယ်လ်ဂိုရသမ်က “Content တွေ update ဖြစ်ဖို့က အရေးကြီးတယ်။ ဒါကြောင့် Publish ဆိုတဲ့ button ကို နှိပ်လိုက်တာနဲ့ ပြီးသွားပြီလို့ ထင်ရင်တော့ ခင်ဗျားတို့မှားပြီ” လို့ ဆိုပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ကိုယ့်ရဲ့ Post အဟောင်းလေးတွေကို ပြန်လည်လေ့လာပြီး အဲ့ဟာတွေက ဒီဘက်ခေတ် ရေစီးကြောင်းနဲ့ကော ကိုက်ညီသေးရဲ့လား ဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါပြီ။ ဒါမှ ခေတ်ရေစီးကြောင်းနဲ့ လိုက်ပြီး ပြင်သင့်တာပြင်လို့ရမှာပါ။ အဲ့လိုသာ ပြင်လိုက်ပြီဆိုရင်တော့ သေချာပါပြီ။ ကိုယ့် Content က အရင် ဒုတိယမြောက်စာမျက်နှာတို့၊ တတိယမြောက်စာမျက်နှာတို့မှာ ပေါ်ခဲ့ရာကနေ ပထမစာမျက်နှာကို ခုန်တက်သွားမှာပါ။
Content တွေကို ပြန်လည်ပြုပြင်မယ်ဆိုရင်တော့ နည်းလမ်း နည်းနည်းတော့ရှိပါတယ်။ တစ်နည်းက ကိုယ့် Contents အဟောင်းတွေကို ပြန်ဆန်းစစ်ပါ။ ပြီးတော့ အဲဒီ့ Contents တွေမှာ ရေးခဲ့တဲ့ အချက်အလက်လေးတွေကို နည်းနည်းအကျယ်ဖြန့်လိုက်ပါ။ ဥပမာပြောရရင် အရင်တုန်းက ရေးခဲ့တဲ့ Content က Samsung Galaxy Note 5 ကို Review လုပ်ထားတဲ့ အကြောင်းဆိုပါစို့။ ဒီဘက်ခေတ်မှာ ဘယ်သူမှ Note 5 ကို စိတ်မဝင်စားတော့ပါဘူး။ အဲ့တော့ ခေတ်ရေစီးကြောင်းကို လိုက်ရမယ်။ အဲ့ဒီ Article ကို ပြုပြင်ရမယ်။ ဆိုတော့ကာ Youtube ကပဲဖြစ်ဖြစ်၊ ဂျာနယ်တစ်ခုခုရဲ့ Articleက ပဲဖြစ်ဖြစ် Note 5 နဲ့ ဒီဘက်ခေတ်ပေါ်နေတဲ့ ဖုန်းတစ်လုံးလုံးနဲ့ Comparison လုပ်ထားတဲ့အကြောင်းကို ခုနက Content အဟောင်းကြီးမှာ External link ချိတ်လိုက်ပါ။ ပြီးတော့ အဲဒီ Comparison က အချက်အလက်လေးတွေ နည်းနည်းပါပါးကို ခုနက Content အဟောင်းကြီးမှာ ထပ်ထည့်လိုက်ပါ။ ဒါဆိုရင် လူတွေက Note 5 ကို စိတ်မဝင်စားရင်တောင် အခုထွက်တဲ့ ဖုန်းကိုတော့စိတ်ဝင်စားမှာပဲလေ။ အဲ့တော့ ခုနက Content အဟောင်းကြီးက အခု Update ဖြစ်သွားပြီပေါ့။
Guest Posts
Blogger အနေနဲ့ ကိုယ်ရေးမယ့် အကြောင်းအရာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်။ ပြီးတော့ (အပေါ်ကပြောခဲ့သလိုပဲ) Internal links တွေ၊ External links တွေ ချိတ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဓိကလုပ်ဖို့လိုနေတာက တခြား နာမည်ကြီးတဲ့ Blogs တွေပေါ်မှာ ကိုယ့် Blog ကို တဆင့်ပြန်ရောက်လာမယ့် Links တွေရှိဖို့ပါ။ ဒါကို Backlinking လို့ခေါ်ပါတယ်။ Backlink ရယူနိုင်မယ့် နည်းကတော့ တခြား Blog မှာ Guest post ရေးပေးဖို့ပါ။ ကိုယ့် Blog နဲ့ သက်ဆိုင်တာကို ရွေးချယ်ပါ၊ မိတ်ဆွေရဲ့ Blog က အလှအပရေးရာဆိုရင် gGest post ရေးမယ့် Blog ကလည်း အလှအပရေးရာနဲ့ဆိုင်တာလည်း ဖြစ်သင့်ပါတယ်။ ဒါမှ Guest post ကို လူအများက ဖတ်ပြီး စိတ်ဝင်စားရင် ပေးထားတဲ့ Link ကတဆင့် မိတ်ဆွေရဲ့ Blog ကိုရောက်လာမှာပါ။
Influencers တွေနဲ့ ပူးပေါင်းပါ။

SEO ရဲ့ ပန်းတိုင်က ကိုယ့် Blog ကို Search results ရဲ့ ပထမဆုံးမှာ ပေါ်ဖို့ပဲလေ။ အဲ့တော့ Guest posts တွေရေးတာအပြင် နောက်ထပ် ထပ်လုပ်ရမှာက Influencers တွေနဲ့ ပူးပေါင်းဖို့ပါ။ (Influencers ဆိုတာ လူတွေကို စိုးမိုးနိုင်မယ့် သူတွေပါ၊ ဆယ်လီတွေလိုမျိုးပေါ့၊။)
Influencers တွေကို အင်တာဗျူးပါ။ ပြီးရင် အဲ့အင်တာဗျူးအကြောင်း အကျဉ်းကို ကိုယ့် Blog မှာ တင်လို့ရပါတယ်။ ဒါမှမဟုတ်လည်း သူတို့ရဲ့ နာမည်ကြီးတဲ့ Quote တွေပေါ့။ အဲ့တော့ ကျွန်တော် ဥပမာ အရှင်းဆုံးပေးရရင် ကျွန်တော့် Blog က အပေါ်ကပြောခဲ့သလို Tech review လုပ်တဲ့ Blog ဆိုပါစို့။ ကျွန်တော်က နာမည်ကြီးနေတဲ့ IT ပညာရှင်တစ်ယောက်ယောက်ကို အင်တာဗျူးလိုက်မယ်။ ပြီးရင် သူ့ဆီက ခွင့်ပြုချက်တောင်းပြီး ကျွန်တော့် Blog မှာ အကျဉ်းတင်လိုက်မယ်။ အဲ့ဒါဆိုရင် လူတွေက ကျွန်တော့် Blog မှာ Reviews တွေ အပြင် Influencers တွေရဲ့ ပြောကြားချက်တွေကိုပါ ဖတ်လို့ရမှာပါ။ ဒါကို Influencers တွေနဲ့ ပူးပေါင်းတယ်လို့ဆိုတာပါ။
Formats မျိုးစုံနဲ့ စမ်းသပ်ပါ
တကယ်လို့ မိတ်ဆွေရဲ့ Blog မှာ Content တွေက ပြန့်ကျဲနေမယ်ဆိုရင်တော့ အဲ့ Blog က ရေရှည်မှာ အောင်မြင်ဖို့ အလားအလာ မကောင်းပါဘူး။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက စာဖတ်သူတွေကို ကိုယ့် Blog ထဲမှာ ကြာကြာ ဆွဲထားဖို့ပဲလေ။ ဒါဆို ကိုယ့် Blog ထဲမှာ Contents တွေက ပုံစံတကျ မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အဆင်ပြေတော့မလဲ။ စာဖတ်သူတွေက ငြီးငွေ့လာပြီး တခြား Blog တွေကို ကူးသွားကြပါလိမ့်မယ်။
Blog တစ်ခုမှာ သုံးလို့ရမယ့် Format က တခြား Blog တစ်ခုမှာ သုံးလို့ရချင်မှ ရမှာပါ။ ဒါကြောင့် Formats မျိုးစုံနဲ့ ကိုယ့် Blog ကို စမ်းသပ်ကြည့်ပါ။ ပြီးတော့ Infographics တွေ၊ Videos တွေ၊ Images တွေ ဒီလိုမျိုး Elements တွေကိုလည်း မျိုးစုံ စမ်းသပ်သင့်ပါတယ်။ ဒါမှပဲ ကိုယ့် Blog နဲ့ ဘယ်လိုပုံစံက အသင့်တော်ဆုံးလဲဆိုတာ သိမှာပါ။
မိုဘိုင်း ဖုန်း App ပြုလုပ်ဖို့ ထည့်စဉ်းစားပါ။

မိတ်ဆွေရဲ့ Website အောင်မြင်ဖို့ဆိုရင် Mobile users တွေကိုလည်း ထည့်တွက်ပါ။ အဲ့တော့ မိတ်ဆွေရဲ့ Website ကို Mobile application အဖြစ် ပြုလုပ်ဖို့လည်း စိတ်ဆန္ဒရှိသင့်ပါတယ်။ မိတ်ဆွေကိုယ်တိုင် Mobile app ပြုလုပ်ဖို့ အချိန်မရှိဘူး ဒါမှမဟုတ် Skill ကြွယ်ကြွယ်ဝဝမရှိဘူးဆိုရင်တော့ ဒီ Mobile app လုပ်မယ့် ကိစ္စကို Hap Eye Digital Marketing Agency မှ Developer တွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ်လိုချင်တဲ့ ပုံစံကို သေချာဆွေးနွေးပါ။
Mobile app ပြုလုပ်ခြင်းက ကောင်းမွန်သလို တဖက်က ကြည့်ရင်လည်း အကုန်အကျများပါတယ်။ ဒါပေမယ့် ကုန်ရကျိုးနပ်မယ်လို့ ထင်မိတယ်ဆိုရင်တော့ တုံ့ဆိုင်းမနေပဲ ချက်ချင်းပဲ ဆောင်ရွက်လိုက်ပါ။ အကုန်အကျမခံနိုင်ဘူးဆိုရင်တော့ ဒီ SEO နည်းဗျူဟာကို ခဏလေး ခေါက်ထားပြီး တခြားနည်းဗျူဟာတွေကို ဦးစားပေးပါ။ ဒါပေမယ့် မိတ်ဆွေက ကိုယ့် Blog ရဲ့ ရေရှည် SEO ကောင်းကျိုးကို မျှော်ကိုးရင်တော့ တခါတည်း Mobile app ပြုလုပ်ခြင်းနည်းဗျူဟာမှာ ရင်းနှီးလိုက်ပါ။
(Facebook ဆိုရင် Website ကနေ စခဲ့ပြီး အခုဆိုရင် Mobile app က ပိုပြီး အသုံးပြုသူတွေနဲ့ ထိတွေ့နေပါတယ်။)
ပြိုင်ဘက်တွေရဲ့ Keywords တွေကိုလည်း Research လုပ်ပါ
Post တစ်ခု မရေးခင်မှာ Keyword Research လုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီးပါပြီ။ ကိုယ့် Blog မှာသုံးမယ့် Keywords တွေကို Research လုပ်သင့်သလိုပဲ တခြား Blog တွေကရော ဘယ်လို Keyword တွေကို သုံးပြီး အောင်မြင်နေလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။ Online tools တွေက မိတ်ဆွေတို့ကို တခြား အောင်မြင်နေတဲ့ Blog တွေမှာသုံးနေတဲ့ Keywords တွေကို ဖော်ထုတ်ပေးပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ Blog တွေမှာ သုံးနေတဲ့ Keywords တွေကို မိတ်ဆွေရဲ့ Blog မှာ သုံးခြင်းဖြင့်လည်း SERPs မှာ ထိပ်နေရာကို သိမ်းပိုက်နိုင်ပါတယ်။
SEO Audit လုပ်ပြီး အပြီးသတ်မယ်

နောက်ဆုံးအချက်အနေနဲ့ ကိုယ့် Website ရဲ့ SEO အရည်အသွေးကို ပြန်စစ်ဆေးပါ။ SEO Audit လုပ်ဖို့ Free tools တွေ ရှိပါတယ်။ အဲ့လို Tools တွေမှာ ကိုယ့် Website ရဲ့ URL ကို ထည့်လိုက်ရင် ကိုယ့် Website ရဲ့ SEO အခြေအနေကို အသေးစိတ်တွေ့ရပါတယ်။ ဘယ်နေရာတွေ ချို့ယွင်းနေလဲ၊ ဘယ်လိုပြင်ရမလဲ ဆိုတာတွေပါ ဖော်ပြပေးပါတယ်။ ဒါကြောင့် ကိုယ့် Website ရဲ့ SEO ကို အရမ်းကောင်းနေပါပြီကွာ ဆိုပြီး တသမတ်တည်း မယုံကြည်ထားဘဲ Audit တော့ လုပ်ပေးသင့်ပါတယ်။
တကယ်လို့ မိတ်ဆွေရဲ့ Website အတွက် SEO audit လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ Agency ဖြစ်တဲ့ Hap Eye က အခမဲ့ လုပ်ဆောင်ပေးနေပါပြီ။ ဒါကြောင့် မိတ်ဆွေရဲ့ Website နောင်ရေးကို မျှော်ကိုးပြီး ကျွန်တော်တို့ကို အခုပဲ ဆက်သွယ်လိုက်ပါလို့ တိုက်တွန်းအပ်ပါတယ်။
Website – www.MyanmarDigitalMarketing.com
eMail – Hi@MyanmarDigitalMarketing.com
Mobile – 09 4210 140 55
Facebook Page – fb.me/W3Presence