Skip to main content
Digital Marketing

What is Digital Marketing


 Digital Marketing ဆိုတာ ဘာလဲ..


အခုရက်ပိုင်းမှာ အသုံးတွင်ကျယ်နေပြီဖြစ်တဲ့ Digital Marketing ဆိုတာ ဘာလဲ။ လုပ်ငန်းတိုင်းအတွက် ဘာကြောင့် မရှိမဖြစ် လိုအပ်လာတာလဲ။ မိတ်ဆွေကိုယ်တိုင်ရော ဘယ်လို အသုံးချနိုင်မလဲ။ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။

လိုတိုရှင်းပြောမယ်ဆိုရင် Digital Marketing ဆိုတာ အင်တာနက်နဲ့ Electronic Devices တွေကို အသုံးချပြီး Marketing ပြုလုပ်ခြင်းများအားလုံးကို ဆိုလိုပါတယ်။

ကျွန်တော်နဲ့ မိတ်ဆွေအပါအဝင် ကမ္ဘာ့လူဦးရေ 7.2 ဘီလီယံရဲ့ ထက်ဝက်ကျော်ဟာ အင်တာနက်ကို နေ့စဉ် အသုံးပြုနေပါတယ်။ မိတ်ဆွေဟာ မည်သည့်အလုပ်အကိုင်နဲ့ အသက်မွေးသည့် မည့်သို့သော လူသားတစ်ဦး ဖြစ်နေပါစေ...။ အင်တာနက်နဲ့ ကင်းဝေးနိုင်ဖို့ဆိုတာကတော့ ခပ်ရှားရှားရယ်ပါ။ ဒါကြောင့်မို့ စီးပွားရေး လုပ်ငန်းစုတွေဟာ Customers တွေနဲ့ ပိုမို ထိတွေ့ ဆက်ဆံနိုင်ဖို့အတွက် Website တွေရေးဆွဲထားကြပြီး Digital Channels တွေဖြစ်တဲ့ Search Engines, Social Media နဲ့ Email တွေမှာ ခြေကုပ်ယူလာကြပါပြီ။

Digital Marketing ဖွံ့ဖြိုးလာတာနဲ့အမျှ Brands တွေအနေနဲ့ သူတို့ Products တွေကို ကြော်ငြာကြတဲ့ နည်းနာတွေက အများကြီး ပြောင်းလဲသွားပါပြီ။ Customers တွေကလည်း ဆိုင်ခန်းဆီကို တကူးတကသွားပြီး ဝယ်ယူရတာထက် Digital Devices တွေမှတစ်ဆင့် အရန်သင့် ရွေးချယ်ဝယ်ယူနိုင်တာကို ပိုမို နှစ်ခြိုက်လာကြပါပြီ။ ဒါကြောင့်မို့  Digital Marketing Campaign တွေဟာဖြင့် အများကြီး သာလွန်ထိရောက်နေပြီလည်း ဖြစ်ပါတယ်။

Marketing ဆိုတာ မှန်ကန်တဲ့ Customers တွေနဲ့ မှန်ကန်တဲ့ နေရာ၊ မှန်ကန်တဲ့ အချိန်မှာ ချိတ်ဆက်နိုင်မှုမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ သူတို့ အချိန်အများဆုံး ဖြုန်းရာနေရာဖြစ်တဲ့ Internet မှာ သူတို့နဲ့ ချိတ်ဆက်နိုင်ဖို့ လိုအပ်နေပါပြီ။ ဒီနေ့ ၂၁ရာစုရဲ့ Digital လှိုင်းဂယက်ထဲမှာ ရေဆန်တက်နိုင်ဖို့အတွက် Digital Marketing ကို ကုမ္ပဏီတိုင်းအနေနဲ့ အသုံးချရတော့မှာပဲ ဖြစ်ပါတယ်။   


 Digital Marketing အမျိုးအစားများ


Digital Marketing

 

Digital Marketing ကို ပိုမို ခြုံငုံမိစေဖို့ ပါဝင်တဲ့ အမျိုးအစားတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အရေးအကြီးဆုံး (၇) မျိုးကို ဖော်ပြပေးထားပါတယ်။

၁။ Social Media Marketing
၂။ Content Marketing
၃။ Search Engine Optimization (SEO)
၄။ Search Engine Marketing (SEM)
၅။ Pay-Per-Click Advertising (PPC)
၆။ Affiliate Marketing
၇။ Email Marketing

ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ တစ်ခုချင်းစီအတွက် ရှင်းလင်းပေးပါဦးမယ် ခင်ဗျာ။

Hap Eye Digital Marketing Agency ကို ဆက်သွယ်ပြီးတော့လဲ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာနဲ့တန်းတူ ရင်ဘောင်တန်း ဈေးကွက်ဝင်နိုင်ဖို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါပြီဗျာ။

Website – www.MyanmarDigitalMarketing.com 
 eMail – Hi@MyanmarDigitalMarketing.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/W3Presence

သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ MyamarDigitalMarketing.Com ကနေ မေတ္တာပို့သအပ်ပါတယ်။

Swan Htet (Hap Eye)