Social Media Marketing ထံသို့ 1 မိနစ်စာ ကူးခတ်ခြင်း
Digital Marketing ဆိုတာဘာလဲ...။ ⇐ Click တစ်ချက်ထောက်လိုက်ပါ။ ဒီတစ်ခါမှာတော့ Digital Marketing ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Social Media Marketing အကြောင်းကို 1မိနစ်စာလေး ဖတ်ကြည့်လို့ရပါတယ်။
Introduction to Social Media Marketing
၂၁ရာစုရဲ့ မျိုးဆက်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ အင်တာနက်နဲ့ ကင်းကွာနေထိုင်လို့ မဖြစ်တော့ပါဘူး။ မည်သို့သော အသက်မွေးဝမ်းကြောင်းနှင့် မည်ကဲ့သို့ သူတစ်ဦးဖြစ်နေပါစေ။ အင်တာနက်ပေါ်မှာ အနည်းနဲ့ အများ ကျင်လည်နေကြတာချည်းပါပဲ။ မိတ်ဆွေနဲ့ ကျွန်တော်အပါအဝင် မြန်မာပြည်သူပြည်သား ဆယ်သန်း ကျော်ဟာ လူမှုကွန်ရက် (Social Media) ကိုအသုံးပြုနေကြပါပြီ။
Marketing တစ်ခုဟာ Customers တွေကို မှန်ကန်တဲ့ နေရာ၊ မှန်ကန်တဲ့ အချိန်မှာ တွေ့ဆုံနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း သူတို့ အချိန်အများဆုံး ဖြုန်းရာ နေရာဖြစ်တဲ့ Social Media တွေကို ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ Social Media platforms တွေဖြစ်တဲ့ Facebook, Instagram, Twitterနဲ့ Pinterest တို့ကို အသုံးချပြီး Customers တွေနဲ့ ထိတွေ့နေနိုင်မှသာ မိတ်ဆွေရဲ့ လုပ်ငန်းလည်း Digital လှိုင်းဂယက်ထဲမှာ တွင်ကျယ်လာမှာဖြစ်ပါတယ်။
Social Media Marketing ဆိုတာ Social Media Platforms တွေမှတစ်ဆင့် မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Sales များရရှိနိုင်ရန်နဲ့ Customers များထံမှ Attention ရရှိနိုင်စေရန် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
Social Media Marketing (သို့) SMM ဆိုတာ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် ဈေးကွက်ရှာဖွေနိုင်ဖို့နဲ့ အမှတ်တံဆိပ်ကို လူသိများလာစေဖို့ Content တွေ ဖန်တီးမျှဝေပြီး Customers တွေနဲ့ နှီးနွယ်ဆက်ဆံနိုင်တဲ့ Internet Marketing တစ်မျိုးပဲ ဖြစ်ပါတယ်။ Social Media အသုံးပြုရင်း Customers တွေအနေနဲ့ ဝယ်ယူမှုတွေ ပြုလုပ်လို့ ရတာကြောင့် နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေပါတယ်။ Customers တွေရဲ့ နေ့စဉ်လူနေမှု ဘဝထဲမှာ မိတ်ဆွေရဲ့ Brand ကို ပါဝင်အောင် လုပ်ဆောင်လိုက်ခြင်းဖြင့် လုပ်ငန်းအတွက် ရေရှည်ဖောက်သည်တွေ ရရှိနိုင်အောင် ပျိုးကြဲလိုက်ပါ။
သာယာလှပတဲ့ တနေ့တာလေး ဖြစ်ပါစေ...။
Website – www.MyanmarDigitalMarketing.com
eMail – Hi@MyanmarDigitalMarketing.com
Mobile – 09 4210 140 55
Facebook Page – fb.me/OpenMoreOnline