Skip to main content
Tripadvisor ရဲ့ 1000% အကျိုးသက်ရောက်မှု

ခရီးသွားလုပ်ငန်းတွေအနေနဲ့ သတိထားစောင့်ကြည့်သင့်တဲ့ Tripadvisor ရဲ့ 1000% အကျိုးသက်ရောက်မှု

ယနေ့အခါမှာ လူတိုင်းနီးပါး မိုးလင်းမှမိုးချူပ် အင်တာနက်အသုံးပြုနေပြီဖြစ်ပါသဖြင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းများကို အင်တာနက်မှတဆင့်ဈေးကွက်ရှာဖွေခြင်းဟာ အဓိကဖြစ်လာပါပြီ။ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုအနေနဲ့တော့ Website တစ်ခုဟာ မရှိမဖြစ်အရာတစ်ခုလို့ပဲ ဆိုပါရစေ။ မိတ်ဆွေတို့ အနေနှင့် Website တစ်ခုရှိနှင့်ပြီးသားဆိုရင်လဲ နေစဉ်လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ Travel Booking Website ဖြစ်တဲ့ TripAdvisor နဲ့ချိတ်ဆက်ပြီး လုပ်ငန်းတွေ ပိုမိုအောင်မြင်အောင်လုပ်ဆောင်ဖို့အခွင့်အလမ်းကို အကြံပြုပေးပါရစေ။


TripAdvisor ဆိုတာ..


Tripadvisor ရဲ့ 1000% အကျိုးသက်ရောက်မှု

TripAdvisor ဆိုတာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး နေစဉ်လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့Travel Booking Website တစ်ခုဖြစ်ပါတယ်။ TripAdvisor နဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေမှာတော့
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ ဟိုတယ် နှင့် Homestays အပြင် အခြား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်ပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို TripAdvisor မှာ လုပ်ငန်းတစ်ခုအနေနဲ့စာရင်းသွင်းနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် အင်တာနက် အသုံးပြုသူတစ်ယောက်အတွက်တော့ စာရင်းသွင်းရာမှာ အဆင့်ပေါင်းများစွာ ဖြတ်သန်းရတဲ့ အတွက် ခက်ခဲနိုင်ပါတယ်။


TripAdvisor မှာစာရင်းသွင်းမယ်...


Tripadvisor ရဲ့ 1000% အကျိုးသက်ရောက်မှု

ပထမဆုံးလုပ်ဆောင်ရမယ့်အရာကတော့TripAdvisor မှထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အရင်ဆုံး နားလည်သဘောပေါက်အောင် သေချာစွာဖတ်ကြည့်ဖို့လိုပါမယ်။

စည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်မယ့် နေရာကတော့

https://tripadvisor.mediaroom.com/US-terms-of-use

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ TripAdvisor မှ သတ်မှတ်ထားသော စံနှုန်းများနဲ့ကိုက်ညီမှသာ လုပ်ငန်းတစ်ခုအနေနဲ့စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။

TripAdvisor မှ သတ်မှတ်ထားတဲ့ အဓိကစံနှုန်းများမှာ ...

၁။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် Day Tours Package များကို အဓိကထည့်သွင်းဖော်ပြပေးရပါမယ်။
၂။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ကုမ္ပဏီလုပ်ငန်းလိုင်စင်(သို့) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ် ရှိထားဖို့လိုအပ်ပါမယ်။
၃။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် လုပ်ငန်းနှင့်ကိုက်ညီသော ဝဘ်ဆိုဒ် တစ်ခုရှိဖို့လိုအပ်ပါမယ်။
၄။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် Business Email (info@HapEye.com), Office Address နှင့် Mobile Phone Number ကိုထည့်သွင်းဖော်ပြပေးရပါမယ်။

တကယ်လို့ မိတ်ဆွေရဲ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဖြင့် အထက်ပါအချက်အလက်များနှင့်ကိုက်ညီပြီး TripAdvisor မှာထည့်သွင်းစာရင်းပေးဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်မှတဆင့် သွားရောက်နိုင်ပါတယ်။

https://www.tripadvisor.com/GetListedAttraction

အထူးသတိပြုသင့်တဲ့အရာကတော့ လုပ်ငန်းနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်တွေအားလုံးကို သေချာစွာထည့်သွင်းရပါမယ်။

တကယ်လို့ မိတ်ဆွေအနေနဲ့TripAdvisor ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ကန့်သတ်ချက်တွေအကြား ရှုပ်ထွေးနေရင်း အခက်တွေ့နေမယ် ဆိုရင်ဖြင့် Digital Marketing Agency တစ်ခုရဲ့ ဝန်ဆောင်မှုကို အသုံးပြုသင့်ပါတယ်။


Digital Marketing Agency ရဲ့ ဝန်ဆောင်မှုကို ဘာကြောင့်အသုံးပြုသင့်တာလဲ??


Tripadvisor ရဲ့ 1000% အကျိုးသက်ရောက်မှု

- TripAdvisor မှာစာရင်းသွင်းရာတွင် ကြုံတွေ့ရမယ့် အခက်အခဲများနှင့်ပတ်သက်လို့ အတွေ့အကြုံရှိခြင်း။
- နည်းပညာနှင့် ပတ်သက်၍ ကျွမ်းကျင်ခြင်း။
- အချိန်ကုန် သက်သာခြင်း။
- ငွေကုန်ကြေးကျ သက်သာ အဆင်ပြေခြင်း။

 

Website – www.myanmardigitalmarketing.com 
eMail – hi@myanmardigitalmarketing.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/OpenMoreOnline

Swan Htet (Hap Eye)