Skip to main content
Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

ကျွန်တော် ဒီနေ့ပြောချင်တာက Website တွေကို Domain Name ပေးတဲ့အခါ စဉ်းစားသင့်တဲ့အချက်ဆယ်ချက်ပဲ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ လုပ်ငန်းကို အင်တာနက်မှာ ချဲ့ထွင်တော့မယ်ဆိုရင် Website တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ Website မှတစ်ဆင့် ဈေးကွက်ချဲ့ထွင်ရေးအတွက်သာမက ရေရှည်တည်တံ့သော Customers တွေကိုပါ ရရှိနိုင်အောင် လွယ်လင့်တကူ စွမ်းဆောင်နိုင်ပါတယ်။

Website တစ်ခု၏ အကျိုးကျေးဇူးများ ⇐ ဖတ်ရှူရန်နိုပ်ပါ။

မိတ်ဆွေအနေနဲ့ Website တစ်ခုရေးဆွဲတော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက Domain Name ပါ။ Domain Name ဆိုတာ သင့်ရဲ့ Website Address ဆိုလည်းဟုတ်ပါတယ်။ မိတ်ဆွေရဲ့ Website ကို ရောက်ရှိဖို့အတွက် အောက်ပါနေရာလေးမှာ Customers တွေရိုက်ထည့်ရမယ့် လိပ်စာကို ကိုခေါ်တာပေါ့ဗျာ။

Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

MyanmarDigitalAge.com, HapEye.net, ChannelMyanmar.org စသည်ဖြင့်ပေါ့။

Website အတွက် Domain နာမည် ရွေးချယ်ခြင်းဟာ Company နာမည် ရွေးချယ်ခြင်းလိုမျိုး အရေးကြီးပါတယ်။ ဒါကြောင့် ၎င်းကို သေချာစဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ Domain နာမည်က Website တွေအကြားမှာ မိတ်ဆွေရဲ့ တည်ရှိနေမှုဖြစ်လို့ လုပ်ငန်းနဲ့ ကိုက်ညီရုံသာမက ရှာဖွေရလည်းလွယ် Promote လုပ်လို့လည်း အဆင်ပြေမယ့် Domain Name တစ်ခုကို ရွေးချယ်သင့်ပါတယ်။

Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

မိတ်ဆွေရဲ့ Website အတွက် ပြီးပြည့်စုံတဲ့ Domain Name တစ်ခုကို ရရှိနိုင်ဖို့ လိုအပ်သော အချက်ဆယ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁.စာရိုက်ရ လွယ်ကူပါစေ


လေ့လာချက်တွေအရ Search Bar မှာ Domain Name ရိုက်ထည့်ခြင်းလွယ်ကူမှုဟာ Online အောင်မြင်မှုအတွက် အလွန်ကို အခရာကျနေပါတယ်။ ဒါကြောင့် မိတ်ဆွေ ဗန်းစကား (you အစား u ၊ express အစား xpress) တွေသုံးမယ်ဆိုရင်  Customers တွေအနေနဲ့ ရှာဖွေရတာ ပိုပြီး ခက်ခဲသွားနိုင်တာကို သတိပြုဖို့လိုအပ်ပါတယ်။


၂.တိုတောင်းဖို့လည်း လိုအပ်ပါတယ်


Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

တကယ်လို့ Domain Name က ရှည်လျားရှူပ်ထွေးပြီး ဗလောင်းဗလဲတွေဖြစ်နေမယ်ဆိုရင် Customers တွေဟာ မှားယွင်းဖို့ အလားအလာတွေ များသွားပါလိမ့်မယ်။ တိုတိုရှင်းရှင်းက အကောင်းဆုံးဖြစ်ပြီး ထိရောက်မှုအရှိဆုံးလည်း ဖြစ်ပါတယ်။


၃.Keywords တွေကို အသုံးချပါ


Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

လုပ်ငန်း၊ သင့်ဝန်ဆောင်မှုနဲ့ ပတ်သတ်တဲ့ Keyword တွေကို Domain Name မှာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်က ဖုန်းပြုပြင်တဲ့ လုပ်ငန်းကို လုပ်ဆောင်နေတယ်ဆိုရင် MobileRepair.com (သို့) MobileSafety.com စသဖြင့် Keywords တွေပါဝင်တဲ့ နာမည်ကို ရွေးချယ်သင့်ပါတယ်။ ဒါက သင့်ကို Search Engine မှာ Rank တိုးစေမှာဖြစ်ပြီး Customers တွေအတွက်လည်း မှတ်သားရလွယ်ကူစေလို့ Traffic တက်ဖို့ရာ အများကြီးအထောက်အကူပြုပါတယ်။


၄.ပစ်မှတ်ထားရာ ဒေသ


Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

တကယ်လို့ မိတ်ဆွေရဲ့ လုပ်ငန်းက ပြည်တွင်းအတွက်ပဲဆိုရင် လုပ်ငန်းအခြေစိုက်ရာ မြို့နယ်ဒေသကို ထည့်သွင်းသုံးသပ်ဖို့ လိုအပ်ပါတယ်။ Domain Name ရွေးချယ်ရာမှာ ပြည်တွင်း Customers တွေအတွက် ရှာဖွေရလွယ်ကူပြီး မှတ်မိလွယ်ဖို့ကို ဦးစားပေးစဉ်းစားသင့်ပါတယ်။ ဥပမာ- YangonCafe.com, BBQMandalay.com စသဖြင့်ပေါ့ဗျာ။


၅.နံပါတ်နဲ့ Hyphens တွေကို ရှောင်ကြဉ်ပါ


နံပါတ်နဲ့ Hyphens တွေက Customers ကိုနားလည်မှု လွဲစေနိုင်ပါတယ်။ ဥပမာပြောမယ်ဆိုရင် Website Address မှာ ဂဏန်း 5 လား, စာနဲ့ Five လားဆိုတာကို ဝေခွဲရခက်ခဲသလိုမျိုးပေါ့။ Hyphen နဲ့ Dash ဆိုရင်လည်း နေရာမှားပြီး ထည့်မိနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ Domain Name မှာ ၎င်းသင်္ကေတတွေ မဖြစ်မနေလိုအပ်တယ်ဆိုရင်တောင်မှ အန္တရာယ်ကင်းအောင်လို့ Domain Extensions တွေကို Register များများ လုပ်ဆောင်ထားသင့်ပါတယ်။ (eg. IT4mf.com, IT4mf.org, IT4mf.net)


၆.မှတ်သားရလွယ်ကူပါစေ


Domain Name ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် 10 ချက်

လက်ရှိမှာ Register လုပ်ထားတဲ့ Domain Name တွေ သန်းချီပြီး ရှိနှင့်နေပါပြီ။ ဒါကြောင့် မှတ်မိလွယ်ဖို့က အရမ်းကို အရေးကြီးလာပါတယ်။ တကယ်လို့ သင့်လုပ်ငန်းအတွက် Domain Name တစ်ခု စဉ်းစားမိပြီဆိုရင်တောင် သူငယ်ချင်းတွေကို အရင်ပြကြည့်သင့်ပါတယ်။ ဆွဲဆောင်မှုရှိရဲ့လား။ စိတ်ဝင်စားဖို့ရော ကောင်းပါ့မလား။ ဒါတွေကို ဆန်းစစ်သုံးသပ်သင့်ပါတယ်။


၇.မူပိုင်ခွင့်ပြဿနာ


သင်ရွေးချယ်လိုက်တဲ့ Domain Name က သူများရဲ့ အမှတ်တံဆိပ်လား၊ မူပိုင်ခွင့်ရှိပြီးသားလား (ဒါမှမဟုတ်) အခြားကုမ္ပဏီတစ်ခုခုက သုံးထားသေးလားဆိုတာကို ဆန်းစစ်ကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ ဥပဒေဆိုင်ရာ အရှုပ်အထွေးတွေက သင့်ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ Domain နာမည်ကိုပါ ထိခိုက်စေလို့ပါ။


၈.သင့်လျော်တဲ့ Domain Extension ကို အသုံးပြုပါ။


 

Domain Names

Extension တွေဆိုတာ .com/.net/.org စသဖြင့် Website Address တွေရဲ့ နောက်တွဲတွေဖြစ်ပါတယ်။ သူတို့တစ်ခုချင်းမှာ သုံးစွဲပုံချင်းကွဲပြားလို့ သင့်လုပ်ငန်းနဲ့ ကိုက်ညီရာကို စဉ်းစားရွေးချယ်ရပါမယ်။ .com extension ဟာ အတွင်ကျယ်ဆုံးနဲ့ အသုံးအများဆုံးဖြစ်ပေမယ့် လက်ရှိအချိန်မှာ တိုတိုတောင်းတောင်းနဲ့ မှတ်မိလွယ်တဲ့ .com နာမည်တစ်ခုရရှိဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် အသုံးများတဲ့ extension တချို့နဲ့ ၎င်းတို့ရဲ့ အသုံးပြုပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1) .co  = Company, Commerce နဲ့ Community တို့ရဲ့ အတိုကောက်စာလုံး ဖြစ်ပါတယ်။
2) .info = Informational Website တွေအတွက်ဖြစ်ပါတယ်။
3) .net = Technical နဲ့ Internet infrastructure Website တွေအတွက် ဖြစ်ပါတယ်။
4) .org = အစိုးရအဖွဲ့အစည်းတွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအတွက် ဖြစ်ပါတယ်။
5) .biz = စီးပွားရေးလုပ်ငန်းတွေနဲ့ E-commerce sites တွေအတွက်ဖြစ်ပါတယ်။
6) .me = blog၊ ကိုယ်ရေးရာဇဝင်နဲ့ Personal Websites တွေအတွက်ဖြစ်ပါတယ်။
Note: မိတ်ဆွေ Domain Name တစ်ခုစီတိုင်းအတွက် Website ရေးဖို့ မလိုအပ်ပါဘူး။ Website တစ်ခုတည်းကိုပဲ Domain Names အားလုံးကို Forward လုပ်ထားလိုက်လို့ ရပါတယ်။


၉.သင့်ရဲ့ Brand ကို ချဲ့ထွင်ပါ


10 things for Domain Name

Brand ကို ချဲ့ထွင်ဖို့အတွက် Domain Extensions အမျိုးမျိုးကို ဝယ်ယူထားသင့်ပါတယ်။ သင့်လုပ်ငန်းရဲ့ Domain Name နဲ့ မှားတတ်တဲ့ Spelling Error တွေကိုတောင်မှ ဝယ်ယူပြီး ပင်မWebsite ကို Forward ပြုလုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့ Competitiors တွေဆီ Customers တွေရောက်ရှိမသွားအောင် ကာကွယ်ခြင်းနည်းလမ်းဖြစ်ပြီး သင့်ရဲ့ Brand ကို ပိုမိုခိုင်မာလာအောင် လုပ်ဆောင်နေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။


၁၀.မြန်မြန်လုပ်လိုက်ရအောင်


10 things for Domain Name

Domain Name တွေက နေ့စဉ်နဲ့အမျှ မြန်မြန်ရောင်းထွက်လေ့ရှိပါတယ်။ တစ်ခုကျေးဇူးတင်ရမှာက Domain Names တွေဟာ ဈေးမကြီးပါဘူး။ ဒါကြောင့် သင့်စိတ်ကြိုက်တွေ့ပြီဆိုရင် အချိန်မဆိုင်းပဲ ဝယ်ယူလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ မိတ်ဆွေနှစ်ခြိုက်ရာ Domain Name နဲ့ စိတ်ကြိုက် Website တစ်ခုကို ဖန်တီးဖို့ဆိုရင်တော့ Myanmar Digital Marketing ကိုဆက်သွယ်နိုင်ပါတယ်။

Website – www.MyanmarDigitalMarketing.com 
 eMail – hi@myanmardigitalmarketing.com 
Mobile – 09 4210 140 55 
Facebook Page – fb.me/OpenMoreOnline

မိတ်ဆွေတို့အားလုံး သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Swan Htet (HapEye)