Skip to main content
Digital Marketing for Small Business

အသေးစားလုပ်ငန်းနှင့် Digital နယ်နိမိတ်တွင်းသို့ ခြေတစ်လှမ်းကျွံဝင်ခြင်း

အသေးစားလုပ်ငန်းတွေကို စတင်တဲ့အခါ ရုံးခန်းတံခါးဝကနေ ထိုင်စောင့်နေလို့ ဖောက်သည်တွေ မရောက်လာပါဘူး...။

ကျွန်တော်တို့ အများစုဟာ ရိုးရာနည်းလမ်းတွေဖြစ်တဲ့ လက်ကမ်းစာစောင်၊ ရေဒီယိုမှာ ကြေငြာတာနဲ့ ဆိုင်းဘုတ်ထောင်တာမျိုးကို အားသန်တတ်ကြပါတယ်။ ကျွန်တော်တို့ ယုံကြည်ရမှာက ထုတ်ကုုန်နဲ့ ဝန်ဆောင်မှုတွေ အရမ်းကောင်းနေရင်တောင် ဝယ်သူတွေ သတိထားမိဖို့အတွက် အချိန်အနည်းငယ် လိုအပ်ပါတယ်။

ဒီလိုမျိုး လုပ်ငန်း တရွေ့ရွေ့လည်ပတ်နေတုန်းမှာ ဈေးကွက်ချဲ့ထွင်ဖို့ ပိုကောင်းပြီး လွယ်ကူတဲ့ နည်းလမ်းတခု ရှိပါတယ်။ ကျွန်တော်တို့တွေဟာ အခွင့်အလမ်းတွေ အများကြီးရှိတဲ့ Online ကို စောင်းငဲ့ကြည့်သင့်နေပါပြီ။ လုပ်ငန်းတခု မည်မျှပင် သေးမွှားပါစေ၊ သစ်လွင်နေပါစေ...။ Digital ဈေးကွက်ကြီးအကြောင်းကို ကျွန်တော်တို့ လေ့လာကြည့်သင့်နေပါပြီ။


Online Marketing ၏ ကောင်းကွက်များ


Digital Marketing for Small Business

Online မှာ ကျွန်တော်တို့ ဆွဲဆောင်နိုင်တဲ့ လူဦးရေဟာ Local မှာထက် အဆမတန်ပိုများပါတယ်။ ဒါကို လက်ခံတယ်မလား။

Digital Marketing မှတဆင့် ကုန်ကျဖို့ ထိုက်တန်ပြီး ထိရောက်မှုရှိမရှိ တိုင်းတာနိုင်တဲ့ နည်းစနစ်တွေနဲ့ အုံကြွနေတဲ့ လူစုလူဝေးတခုကို ချဉ်းကပ်နိုင်ပါတယ်။

နောက်ထပ် အားသာချက်တွေကတော့...

  •     သင့်ရဲ့ ဖောက်သည်တွေနဲ့ ထိတွေ့နိုင်ပြီး သူတို့ဘာတွေ လိုချင်နေလဲဆိုတာ မေးကြည့်လို့ ရပါတယ်။
  •     ကမ္ဘာဈေးကွက်အထိ ချဲ့ထွင်နိုင်ပါတယ်။
  •     ရိုးရာမာကတ်တင်း နည်းလမ်းတွေနဲ့စာရင် ငွေကုန်ကြေးကျ သက်သာပြီး များပြားတဲ့ Customers တွေကို ရရှိစေပါတယ်။
  •     သင့် Brand ရဲ့ အမာခံလူစုလူဝေးကို တည်ဆောက်နိုင်ပြီး သင်နဲ့ပါ personal အရ ရင်းနှီးစေတာကြောင့် "Brand Loyalty" လို့ ခေါ်တဲ့ ယုံကြည်နှစ်လိုမှုကိုပါ ရရှိနိုင်ပါတယ်။
  •     သင့်ရဲ့ မာကတ်တင်းအတွက် အကျိုးသက်ရောက်မှုနဲ့ တုံ့ပြန်မှုတွေကို ချက်ချင်းဆိုသလို စစ်ဆေးနိုင်ပါတယ်။

Digital Marketing လုပ်ဆောင်ဖို့ ရွေ့ဆိုင်းနေတုန်းလား။


Digital Marketing for Small Business

ဘာလို့ Digital Marketing အတွက် အချိန် နဲ့ လုပ်အားစိုက်ထုတ်ဖို့ တုံ့ဆိုင်းနေလေ့ရှိလဲ ?

လုပ်ငန်းရှင် အတော်များများမှာ Digital Marketing ကနေ ရှောင်ပြေးဖို့အတွက် အကြောင်းပြချက်တွေ အများကြီး ရှိနေတတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက အရေးကြီးသလိုပဲ ဆက်ရှိနေအုံးမှာပါ။

အသေးစားလုပ်ငန်းရှင်တွေအနေနဲ့ Online ပေါ်မှာ ယှဉ်ပြိုင်ဖို့ကို လုံလောက်တဲ့ အချိန်နဲ့ဘတ်ဂျက် မရှိဘူးလို့ ယူဆတတ်ကြပါတယ်။ Online ပေါ်တက်လိုက်တာနဲ့ ချက်ချင်းကြီး ခေါင်းခဲစရာတွေ အလုံးအရင်းနဲ့ ရောက်လာလိမ့်မယ်လို့ ထင်မြင်ထားကြပါတယ်။ အများစုဟာ လုပ်ငန်းအတွက် ပုံမှန်ကြော်ငြာလေး တခု နှစ်ခုလောက်ပဲ ပုံမှန်ထည့်လေ့ရှိပြီး အချိန်ကြာလာရင်တော့ လူသိများလာမှာပါ...ဆိုပြီး နှောင့်နှေးနေကြပါတယ်။

တခါတရံဆိုရင် Customers ရဖို့အတွက် စောင့်ဆိုင်းခြင်းက အကောင်းဆုံးနည်းလမ်းလို့တောင် တွေးပြီးတော့ ကျေနပ်နေကြပါတယ်။ သူတို့သည် အသေးစားလုပ်ငန်းတွေဖြစ်တာကြောင့် ဖောက်သည် အရေအတွက်လည်း အနည်းငယ်လောက်ပဲ ရှိတန်ကောင်းပါရဲ့လို့လည်း တွေးတတ်ကြပါတယ်။

ဒီလိုမျိုး နည်းလမ်းတွေနဲ့တော့ Customers တွေ ရလာမှာ မဟုတ်သလို အကယ်၍ ရှိလာရင်တောင် အကျိုးအမြတ် ဖြစ်လောက်အောင်တော့ ပေါက်ရောက်မှာ မဟုတ်ပါဘူး။


သင့်ရဲ့ ဖောက်သည်တွေက Online မှာပါ။


Digital Marketing for Small Business

မိတ်ဆွေရော "ငါတော့ အသင့်မဖြစ်သေးပါဘူး" လို့ ယူဆပြီး Digital Marketing ကို အသုံးမချဖြစ်ဘူးလား။

မိတ်ဆွေရဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေက Online ပေါ်မှာ ရှိနှင့်နေတာ ကြာရောရှိပါပြီ။ သူတို့အနေနဲ့ မိတ်ဆွေလိုမျိုး လုပ်ငန်းတခုနဲ့ ကျွမ်းဝင်နှင့်နေနိုင်ပါပြီ။ ဒါကြောင့် သူတို့ သင့်ကို အလွယ်တကူ ရှာမတွေ့ဘူးဆိုရင် အခြားတခုကို ရွေးချယ်သွားကြမှာပါ။

ဒီနေ့ခေတ်မှာ လူတွေက ဒီလိုပါပဲ။ သူတို့ သင့်လုပ်ငန်းကို စိတ်ဝင်စားလို့ဖြစ်စေ၊ ဝေခွဲရခက်ခဲနေလို့ ဖြစ်စေ...။ Online ပေါ်မှာ ရှာဖွေတတ်ကြပြီး သင်နဲ့ပတ်သတ်လို့ ဘာတွေရှိနေမလဲဆိုတာ ဆန်းစစ်နေကြပါတယ်။

သင်နဲ့ပတ်သတ်လို့ Website တခု (သို့) Social Media မှာ တည်ရှိနေမှုတခုကို အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါမှ သူတို့သေချာလေ့လာလို့ရမယ်၊ Reviews တွေဖတ်ကြည့်လို့ ရမယ်။ ပြီးရင် ဈေးဝယ်ဖို့ သင့်တော်ရဲ့လား၊ ယုံကြည်လို့ရရဲ့လား ဆုံးဖြတ်ကြပါတယ်။

တကယ်လို့ သူတို့သင့်ကို မတွေ့ဘူးဆိုရင် ဘောင်မဝင်ဘူးလို့တောင် ထင်သွားနိုင်ပါတယ်။ ဒီလိုဆိုရင် နောက်တခါပြန်ရှာဖို့အတွက် အလားအလာမရှိသလောက်ပါပဲ။


သင့်ရဲ့ ပြိုင်ဖက်တွေက Online မှာပါ။


Digital Marketing for Small Business

Jack Ma က "သင့်ရဲ့ ပြိုင်ဖက်တွေဆီက သင်ယူပါ...ကူးမချပါနဲ့" လို့ပြောခဲ့တယ်နော်။

Online ပေါ်မှာ သင့်ရဲ့ စီးပွားဖက်တွေ ဘာလုပ်နေကြလဲဆိုတာ လေ့လာလို့ရပါတယ်။ သူတို့က သင့်ကို တခုခုသင်ပေးဖို့ စောင့်ဆိုင်းနေကြပါတယ်။

သူတို့ကို သတိထားကြည့်ခြင်းအားဖြင့် ဘာတွေကတော့ အလုပ်ဖြစ်တယ်၊ အလုပ်မဖြစ်ဘူးဆိုတာကို သိရှိနိုင်ပါတယ်။ ဘယ်လို Content မျိုးတွေနဲ့ သူတို့ အများဆုံး အလုပ်ဖြစ်လေ့ရှိလဲ။ Blogs တွေရေးနေကြလား...ဒါမှမဟုတ်ရင် Videos တွေနဲ့ Graphics တွေကို အသုံးချနေတာလား။

သူတို့ရဲ့ Brand Audience ကို ဘယ်လိုတည်ဆောက်ထားကြလဲ။ မိတ်ဆွေအနေနဲ့ ပိုကောင်းအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ ဒီလိုမှမလုပ်ရင်တော့ အပြိုင်အဆိုင်ကြမ်းတဲ့ Digital စစ်တလင်းမှာ နောက်ကောက်ကျန်ခဲ့ပါလိမ့်မယ်။


သင့်လုပ်ငန်းအတွက် အမာခံဖောက်သည်တွေ...


Digital Marketing for Small Business

Digital Marketing မှတဆင့် ဝယ်ယူသူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါတယ်။

သူတို့ဘာကို လိုချင်နေကြတာလဲ၊ ညနက်တဲ့အထိ Online ပေါ်က မဆင်းနိုင်အောင် ဘာကဆွဲဆောင်ထားတာလဲ၊ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်အာရုံကို ဘယ်လိုကိုင်လှုပ်ရမလဲ။ ဒါကို ခန့်မှန်းနေစရာ မလိုပါဘူး။ Digital Marketing ကို အသုံးချခြင်းအားဖြင့် အချက်အလက်တွေ ရရှိဖို့အတွက် နည်းလမ်းနဲ့ ကိရိယာတွေ အသင့်ရှိနေပါတယ်။

ဒီနည်းလမ်းအားဖြင့် သင့်ရဲ့ ဖောက်သည်တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတခုကို ဖန်တီးလိုက်ပါ။ သင်ဟာ သူတို့အတွက် စီးပွားရေးတခုဆိုတာထက် ပိုလာပါလိမ့်မယ်။ သင်ဟာ ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်ဖြစ်လာပါလိမ့်မယ်။ လူများစုဟာ သူတို့ ဝယ်လေ့ရှိတဲ့နေရာကနေပဲ ထပ်မံဝယ်ယူဖို့ အားသန်တတ်ကြပါတယ်။

ဒါကြောင့် သူတို့အတွက် နွေးထွေးတဲ့ အရိပ်အာဝါသ တစ်ခုကို Digital Marketing ကို အသုံးချလို့ အခုပဲ ဖန်တီးပေးလိုက်ရအောင်။

Thanks for Reading...!!!

You can contact the following for more details...

Website – www.MyanmarDigitalMarketing.com
 eMail – hi@MyanmarDigitalMarketing.com
Mobile – 09 4210 140 55 
Facebook Page – fb.me/OpenMoreOnline

Swan Htet (HapEye)