တခါတုန်းက Facebook ကလည်း Web တခုသာ ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာ App တခု ဖြစ်လာခဲ့ပါတယ်။ နှစ်အနည်းငယ် အတွင်းမှာ ကုမ္ပဏီက မြန်မြန်ဆန်ဆန် ကြီးမားလာပါတယ်။
၂၁ရာစု၏ ဆယ်ဂဏန်း ကျော်လာသည်နှင့် ပြည်တွင်း အင်တာနက်သုံးသူ တဟုန်ထိုး မြင့်တက်လာပါသည်။
ဤအချိန်အခါတွင် Digital လှိုင်းဂယက်ကို တိုးဝင်ရန် မဖြစ်မနေ လိုအပ်လာသော စီးပွားရေးလုပ်ငန်းစုတို့အတွက် ကျွန်တော်တို့ “Myanmar Digital Marketing” သည် ရပ်တည်နေခြင်း ဖြစ်ပါသည်။
ဆန်းပြားသစ်လွင်တဲ့ စိတ်ကူးစိတ်သန်းတွေက မိတ်ဆွေကို သမာရိုးကျ မဲပြာပုဆိုးတွေနဲ့ ကွဲပြားစေမှာဖြစ်ပြီး ဈေးကွက်အတွင်းမှာ သူတစ်လူငါတစ်မင်း စစ်ခင်းနိုင်ဖို့အတွက် အကူအညီဖြစ်စေမှာပါ။
မိတ်ဆွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်အား စိုက်ထုတ်မှုတွေကို မှန်ကန်သင့်လျော်တဲ့ နည်းဗျူဟာမှတဆင့် ထိရောက်သေချာမှုရှိတဲ့ ရလဒ်တွေအဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ဆောင်နိုင်ပါတယ်။
မိသားစုကဲ့သို့ နွေးထွေးမှု၊ သာလွန်ကောင်းမွန်သော အရည်အသွေးဖြင့် ရေရှည်လက်တွဲရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
အစဉ်ပြောင်းလဲနေတဲ့ Digital Trends ကိုမူတည်ပြီး မတူကွဲပြားတဲ့ Digital Platform တွေပေါ်မှာ ရပ်တည်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် Solution များကို အခါအားလျော်စွာ ရှာဖွေလျက်ရှိပါတယ်။
မိတ်ဆွေအတွက် အားကောင်းခိုင်မာတဲ့ Online Presence အားဖြင့် Brand Image ကိုတည်ဆောက်ပေးပြီး သင့်လျော်မှန်ကန်တဲ့ Audience ဆီမှ ရေရှည်တည်တံ့တဲ့ Awareness ကိုရရှိစေပါတယ်။
မှန်ကန်တိကျပြီး အပြုသဘောဆန်တဲ့ ရလဒ်တွေကြောင့် ကျွန်တော်တို့ရဲ့ အားထုတ်မှုကို လက်တွေ့တိုင်းတာနိုင်ပြီး ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို မြင်သာစေမှာဖြစ်ပါတယ်။